ဝမ်းတွင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်

Powered by Drupal

         ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဝမ်းတွင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ်ဖြင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် ဝမ်းတွင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ပါသည်။

        ဆွေးနွေးပွဲတွင် ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးက ဝမ်းတွင်းမြို့နယ်တွင် ဆန်စက်များစွာရှိပြီး လုပ်ငန်းရှင်များစုဖွဲ့မှုရှိဖို့လိုကြောင်း၊ တစ်ဦးတစ်ယောက်တည်းထက် အများစုပေါင်းဆောင်ရွက်ခြင်းမှာ အောင်မြင်မှုပိုမိုရရှိကြောင်း၊ လုပ်ငန်းရှင်များ အောင်မြင်တိုးတက်ခြင်းမှာ ဒေသဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကလည်း ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်နေရာ ယခုအသင်းအလုပ်မှုဆောင်ပြန်လည် ရွေးချယ်ရေးကိုလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးရုံး၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း၏ မေတ္တာရပ်ခံချက်တို့အရ ပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အသင်းဝင်များ၏ အကျိုးကို ဆောင်ရွက်လိုသော ပရဟိတစိတ်ဖြင့် တက်ကြွစွာဆောင်ရွက်ရန်လိုကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှ ဆန္ဒပြုသဘောတူရွှေးချယ်တင်မြှောက်ကြရန်ဖြစ်ကြောင်း၊ ဆန်စက်အသင်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်မှာ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရန်လိုကြောင်းပြောကြားခဲ့ပြီး၊ ဝမ်းတွင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ကို လုပ်ငန်းရှင် (၁၇) ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)