ရမည်းသင်းခရိုင်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ် ရွေးချယ်ပွဲပြုလုပ်

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦဆောင်၍  ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့၌ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ပဒေသာဆန်စက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

                ခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် ဆန်ဟာ အရေးကြီးကုန်စည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လယ်ယာကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြောင်း၊ ထိုသို့‌ဆောင်ရွက်ရာတွင် ဆန်စက်တွေအဆင့်မြှင့်တင်ဖို့လိုကြောင်း၊ ဆန်စက်အသစ်များတည်ဆောက်ဖိုလိုအပ်ကြောင်း၊ လယ်ယာကဏ္ဏဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ ဆန်စက်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နောင်အခါတွင် Export တင်ပို့မည့် ဆန်များအား ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းအသင်းအဖွဲ့များ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စဉ်ဆက်မပျက်ချိတ်ဆက်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း ပြောကြားဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအဖြစ် ပျော်ဘွယ်မြို့နယ်တွင် အဖွဲ့ဝင် (၉) ဦး၊ ရမည်းသင်းမြို့နယ်တွင် အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)