ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အငြိမ်းစား(ပင်စင်စား)ဝန်ထမ်းများအား စားအုန်းဆီနှင့် ဆန်ရောင်းချပေးနိုင်မှု

Powered by Drupal

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်အတွင်းရှိ အငြိမ်းစား(ပင်စင်စား)ဝန်ထမ်းများအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူ နိုင်ရန်အတွက် အငြိမ်းစား(ပင်စင်စား)တစ်ဦးလျှင် ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ (၁.၅)ပိဿာနှုန်းနှင့် ဆန်(၆)ပြည်နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ညွှန်ကြားခဲ့ရာ ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်လုပ်ငန်းရှင်အသင်းတို့မှ ပူးပေါင်း၍ ပြည်နယ်အားကစားရုံ၌ လစဉ်ရောင်းချပေးလျက်ရှိရာ ယခုလ ပင်စင်လစာထုတ်ပေးသည့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ  နံနက်(၉)နာရီမှ ညနေ(၄)နာရီအတွင်း သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ရာ စားအုန်းဆီ (၄၀၈၅)ပိဿာ၊ ဧရာဝတီပေါ်ဆန်း(၁၃၈)အိတ်၊ ဧည့်မထ(မှော်ဘီ-၃)(၁၆၄)အိတ်ခန့် ရောင်းချပေးနိုင် ခဲ့ကြောင်း သိရှိရ ပါသည်။

 

DOCA (ရှမ်း)