ဘားအံမြို့ဒေသထွက်ပိန်းဥဈေးနှုန်းအခြေအနေ

Powered by Drupal

ကရင်ပြည်နယ် ၊ ဘားအံမြို့ရေပေါ်ဈေးတွင် ခရမ်းချဉ်သီးများ ဈေးအနည်းငယ်ကျနေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မိုးတွင်ကာလဘားအံမြို့ရေပေါ်ဈေး၌ ဩဂုတ်လပထမပတ်နှင့် ဒုတိယပတ်အတွင်း ခရမ်းချဉ်သီးအလုံးအကြီး/အသေးပေါ်မူတည်၍ ဖြစ်ပေါ်သည့်ဈေးနှုန်းများမှာ ဩဂုတ်လပထမပတ်တွင် ခရမ်းချဉ်သီး လက်ကားဈေးနှုန်း ဆယ်ပိဿာလျှင် (၂၇၀၀)ကျပ်နှင့် လက်လီဈေးနှုန်း ခရမ်းချဉ်သီးအလုံးကြီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့်ခရမ်းချဉ်သီးအလုံးသေး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်တို့ဖြင့်ရောင်းချပြီး၊ ဩဂုတ်လဒုတိယပတ်တွင် ခရမ်းချဉ်သီး လက်ကားဈေးနှုန်း ဆယ်ပိဿာလျှင် (၂၃၀၀)ကျပ်နှင့် လက်လီဈေးနှုန်း ခရမ်းချဉ်သီးအလုံးကြီး တစ်ပိဿာလျှင် (၂၈၀၀)ကျပ်နှင့်ခရမ်းချဉ်သီးအလုံးသေး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

ကရင်ပြည်နယ်ဒေသတွင် ဖြစ်ပေါ်နေသော ဩဂုတ်လပထမပတ်နှင့်ဒုတိယပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကိုတွေ့ ရှိပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းကျရခြင်းမှာ အခြားဒေသမှခရမ်းချဉ်သီးများ ပေါပေါဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)