“ကျောက်ဆည်မြို့နယ်အတွင်းရှိ Kyaw စက်သုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

Powered by Drupal

           ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၅) ရက်နေ့တွင် ကျောက်ဆည်မြို့ရှိ Kyaw စက်သုံးဆီအရောင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး၊ စျေးနှုန်းမြင့်တက်မှုမရှိစေရေး၊ စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချခြင်းမရှိရန်လိုကြောင်း၊ အချင်အတွယ်မှန်ကန်စွာ ရောင်းချရန်နှင့် အရည်အသွေးကောင်းမွန်သော စက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)