မြို့မကွက်သစ် မူလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား  စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အများပြည်သူတစ်ရပ်လုံး သိရှိလိုက်နာစေရေးနည်း လမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ ယခုလိုကျောင်းဖွင့်ရာသီ၌လည်း ကျောင်းသား/ ကျောင်းသူများ သိရှိစေရေး အတွက်(၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ ခြေခံပညာမူလတန်း လွန်ကျောင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးရောင်းချသူများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံရုံးမှ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့်ကျောင်းသား/ ကျောင်းသူများအနေဖြင့် ငယ်ရွယ်သူများဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုပြုရမည်ဖြစ်ပါကြောင်း၊ ကျန်းမာမှသာမိမိတို့သည် ကျောင်းပညာများနှင့်အခြား ပညာရပ်များကို သင်ယူတတ်မြောက်နိုင် ်မည်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သောအစား အသောက်များကိုသာ စားသုံးကြရန်၊ အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူစားသောက်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ နေရာများနှင့် ဌာန၏ Call Center No.1535 သို့လည်း လက်တွေ့ခေါ်ဆိုစေ၍ အသိပညာဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ဌာနဆိုင်ရာ(၄)ဦး၊ ဆရာ/ဆရာမ(၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)