
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၁၄.၇. ၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျောင်းပန်းတောင်းမြို့၊ မြို့မကွက်သစ် အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းမုန့်ဈေးတန်းသို့ ရှောင်တခင်သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာဖော်ပြထားရှိသော ကုန်စည်များရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ကြပြီး စတင်ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံးသည့်ရက်စွဲမပါသော မုန့်များအားရောင်းချခြင်းမပြုရန်၊ Mask တပ်ဆင်ကြရန်၊ လက်အိတ်များဝတ်ဆင်ကြရန် အစားအသောက်များအား အဖုံးအအုပ်များ ဖုံးအုပ်ထားရှိရန် တကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အချက်များအား ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချမှုပြုရန် စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)