အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

          အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၁.၈.၂၀၂၂)နှင့် ယခု အပတ် (၁၇.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၁၉၅၀၀ဝိ/-)ယခုအပတ်(၂၂၀၀၀ဝိ/-)ဖြစ်၍ (၂၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ နှမ်းနီ ယခင်အပတ် (၁၉၅၀၀ဝိ/-)ယခုအပတ် (၂၂၅၀၀ဝိ/-)ဖြစ်၍ (၃၀၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၂၀၀၀ဝိ/-)ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၃၀၀၀ဝိ/-)အသီးသီးဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

           ပဲမျိုးစုံစျေးကွက်တွင် မတ်ပဲ(၂၀)ပိဿာ တစ်တင်းလျှင် ယခင်အပတ်(၅၈၀၀ဝိ/-) ယခုအပတ် (၅၈၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း ပဲကြီး ယခင်အပတ်(၇၁၀၀ဝိ/-) ယခုအပတ်(၇၂၀၀ဝိ/-) ဖြစ်၍(၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲမှာ ယခင်အပတ်(၅၃၀၀ဝိ/-) ယခုအပတ် (၅၈၀၀ဝိ/-) ဖြစ်၍ (၅၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၇၀၀ဝိ/-) ယခုအပတ် (၄၂၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲတီစိမ်း ယခင်အပတ်(၄၈၀၀ဝိ/-) ယခုအပတ် (၄၉၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ်(၆၀၀၀ဝိ/-) ယခုအပတ် (၆၁၂၀ဝိ/-) ဖြစ်၍ (၁၂၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ်(၅၆၀၀ဝိ/-) ယခုအပတ် (၆၅၅၀ဝိ/-) ဖြစ်၍ (၉၅၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၅၆၀၀ဝိ/-) ယခုအပတ် (၆၄၅၀ဝိ/-) ဖြစ်၍ (၈၅၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ယခင်အပတ်(၅၉၅ဝိ/-) ယခုအပတ် (၆၁၀ဝိ/-) ဖြစ်၍ (၁၅ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်(၅၉၀ဝိ/-) ယခုအပတ် (၆၁၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲတောင့်(စို) တစ်တင်း ယခင်အပတ်(၂၁၅၀ဝိ/-) ယခုအပတ် (၂၂၀၀ဝိ/-) ဖြစ်၍ (၅၀ဝိ/-) ဈေးမြင့်တက်ခဲ့ကာ  အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၂၈၀)အိတ်၊ နှမ်းနီ(၃၅၀)အိတ်၊ နှမ်းနက်(စမုံ)(၄၈၀၀) အိတ်၊ ပဲတီစိမ်း(၁၇၅၀)အိတ်၊ ပဲစဉ်းငုံနီ(၂၃၀၀)အိတ်၊ မတ်ပဲ(၁၃၀)အိတ်၊ ကုလားပဲ(HL) (၁၆၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၁၂၀၀)အိတ်၊ ဘိုကိတ်ပြာ (၃၄၀)အိတ်၊ ပဲကြီး(၇၀၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၃၂၀)အိတ်၊ မြေပဲလုံး ဆံ(နီ) (၄၅၀)အိတ်၊ မြေပဲတောင့်(အစို)(၃၀၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)