
ညောင်ဦးမြို့နယ်တွင် မိုးသီးနှံများဖြစ်သော ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း စသည့် သီးနှံများ ကို တောင်သူများစိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးသီးနှံ လျာထားချက်များ အနေဖြင့် ပဲတီစိမ်း(၁၇၀၁၂)ဧက၊ ပဲစဉ်းငုံ(၁၁၈၆၈)ဧက၊ မြေပဲ (၁၀၁၇၂၇) ဧက၊ နှမ်း (၁၈၁၃၇)ဧက လျာထားပြီး စိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း (၂၆၁၉)ဧက ၊ ပဲစဉ်းငုံ (၈၃၁၄)ဧက၊ မြေပဲ(၃၂၄၂၅) ဧက၊ နှမ်း(၃၂၆၀)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ယခင်နှစ် အထွက်နှုန်းအနေဖြင့် ပဲတီ စိမ်း၊ တစ်ဧကလျှင် (၁၁)တင်း ၊ ပဲစဉ်းငုံတစ်ဧကလျှင် (၁၂)တင်း၊ မြေပဲ တစ်ဧကလျှင် (၄၇)တင်းနှင့် နှမ်းတစ်တင်းလျှင် (၅)တင်းခန့် ထွက်ရှိကြောင်း သိရှိရသည်။
ယခုနှစ်တွင် မျိုးဈေးနှုန်းများအနေဖြင့် မျိုးပဲတီစိမ်း တစ်ပြည်(၈၀၀၀)ကျပ်၊ မျိုးပဲစဉ်းငုံ တစ်ပြည်(၆၀၀၀)ကျပ်၊ မြေပဲတစ်ပြည် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးလျက်ရှိပါသည်။ သီးနှံ ဈေးနှုန်းအနေဖြင့် ပဲတီစိမ်း တစ်တင်း(၁၀၄၀၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်း (၆၇၂၀၀)ကျပ်၊ ပင်ထောင် မြေပဲ တစ်တင်း(၁၄၀၀၀၀)ကျပ်၊ ပင်ပြန့်မြေပဲတစ်တင်း (၁၄၄၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်း (၁၄၀၀၀၀)ကျပ်နှင့် နှမ်းညိုတစ်တင်း (၁၀၀၀၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရ သည်။
DOCA(မန္တလေး)