ဒေသထွက် ပေါက်ပေါက်ဆုပ်၊ ဇီး/အုန်းထန်းလျက်နှင့် စာကလေးခွေကြော်

Powered by Drupal

    မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဈေးသစ်တွင် အသား/ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဒေသထွက်ကုန်များကို ခင်းကျင်းရောင်းချလျက်ရှိရာ အညာဒေသထွက် အစားအစာများဖြစ်သည့် ထန်းလျက်၊ ပေါက်ပေါက်ဆုပ်နှင့် စာကလေးခွေကြော်များ ရောင်းချလျက်ရှိပါသည်။ ထန်းလျက်ကို အုန်း၊ ဇီး ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်၍ ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ထန်းလျက်ဈေးနှုန်းများအနေဖြင့် ထန်းလျက်(ဖြူသန့်) (၁) ပိဿာလျှင် (၁၁၀၀၀) ကျပ်၊ ဇီးထန်းလျက် ( ၁) ပိဿာလျှင် ( ၁၂၀၀၀)ကျပ်၊ အုန်းထန်းလျက် ( ၁) ပိဿာလျှင် (၁၅၀၀၀ ) ကျပ် တို့ဖြင့်လည်းကောင်း၊ ပေါက်ပေါက်ဆုပ်( နုဆုပ်) ( ၁ )ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ စာကလေးခွေကြော် ( ၈)ခွေပါ တစ်ထုပ်လျှင် ( ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)