
စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလတ်နှင့် မြို့ပြနေ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ် ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအားသိရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ် ချက်များအားသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့်ကုန်စည်များအား ရွေးချယ် ဝယ်ယူစားသုံး /အသုံးပြုနိုင်စေရန် အသိပညာပေးဟောပြောပွဲများအား စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၃.၇.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရာဇမုနိ၊ ဘုန်းတော်ကြီးသင်ပညာရေးမူလွန်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူ/ စီးပွားရေးလုပ်ငန်းရှင်/ စားသုံးသူကာကွယ်ရေး၏အဓိပ္ပယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများ ရသင့်သည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်နှင့် ကုန်စည်နှင့်အစားအစာများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်ကုန်အညွှန်းအမှတ်သားဆိုင်ရာသတ်မှတ်ချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန Consumer Call Center NO (1535) သို့ ခေါ်ဆိုတိုင်ကြားနိုင်ပုံများအား အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါအသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမ(၇)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၁၁၃)ဦးတို့တက်ရောက်ခဲ့ရာ ဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)