ချောက်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၂၃.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချောက်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးရာတွင် စားသောက်ဆိုင်များခင်းကျင်းပြင်ဆင်မှု၌ သန်ရှင်းမှုရှိ/မရှိ၊ ချက်ပြုတ် ကြော်လှော်သည့် မီးဖိုခန်းများ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ သုံးစွဲသည့် အသီးအရွက်များ လတ်ဆတ်မှုရှိ/ မရှိ၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ သပ်ရပ်မှုရှိ/မရှိ၊ စားကြွင်းစားကျန်များ စွန့်ပစ်ရာ၌ အမှိုက်ပုံးများဖြင့် စည်းကမ်းရှိရှိ စနစ်တကျစွန့်ပစ်ခြင်းရှိ/မရှိ၊ ဆိုင်တွင်ရောင်းချသည့် ကုန်ပစ္စည်း အမျိုးအစားအလိုက် စျေးနှုန်းများ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စားသောက် ဆိုင်များတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဝန် ဆောင်မှုပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး ရည်ရွယ်၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      ထို့နောက် စားသောက်ဆိုင်များ၌ ဆိုင်ဝန်ထမ်းများအား ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချ ရာတွင် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကျိုးအမြတ်ရရှိရေးထက် စျေးနှုန်း တည်ငြိမ်ရေးကို အလေးထား‌ဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)