ကျွန်းလှမြို့နယ်ပဲမျိုးစုံဈေးကွက်ရှိ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူမြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၁၅၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၇၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် (၈၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့်  ယခုပတ်အတွင်း မတ်ပဲနှင့် ပဲတီစိမ်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)