
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်များများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကန်စွန်းရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ (၁)စည်းလျှင် (၁၀၀)ကျပ်၊ (၃)စည်းလျှင် (၂၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)