
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ပဲတောင့်ရှည်သီးနှင့် ကြောင်လျှာသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။
ပဲတောင့်ရှည်သီးနှင့် ကြောင်လျှာသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ နောက်ဆုံး အပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့် ရှည်(၅)တောင့်ပါ(၁)စည်းလျှင်(၅၀၀)ကျပ်၊ (၅)တောင့်ပါ(၅)စည်းလျှင် (၂၅၀၀)ကျပ်၊ (၁၀)စည်းပါ (၁)ထုံးလျှင်(၅၀၀၀)ကျပ်၊ ကြောင်လျှာသီးအကြီး(၁)တောင့်လျှင် (၁၅၀၀)ကျပ်၊ အသေး(၁)တောင့်လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိ သည်။
DOCA(စစ်ကိုင်း)