စီးပွားရေးနှင့် ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ကောက်နှံစင်္ကြံ ထွက်ခွာသင်္ဘော ၂၇ စီး အထိရှိလာ

          ကောက်နှံစင်္ကြံ( Grain Corridor)စတင်ခဲ့သည့် ရက်ပေါင်းနှစ်ဆယ် ကြာမြင့်ချိန်တွင် ဂျုံ၊ ပြောင်း၊ နေကြာဆီ၊ ပဲပုပ်အစရှိသော ယူကရိန်းလယ်ယာထွက်ကုန်များတင်ဆောင်ထားသည့် သင်္ဘောများ ယူကရိန်းပင်လယ်ဆိပ်ကမ်းများမှ ထွက်ခွာသည်မှာ ၂၇ စီးအထိရှိလာပြီဟု ယူကရိန်း နိုင်ငံ အခြေခံ အဆောက်အအုံဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ၏ အကြံပြုချက်ဖြင့် ဇူလိုင်လ၂၂ ရက်က ကုလသမဂ္ဂ၊ ယူကရိန်း၊တူရကီနှင့်ကုလသမဂ္ဂအတွင်း‌ရေးမှူးချုပ်တို့က ယူကရိန်းပင်လယ်ဆိပ်ကမ်းများဖြစ်သော Odesa ၊ Chornomorsk ၊ Pivdennyi  ဆိပ်ကမ်းများမှ ကောက်ပဲသီးနှံအမျိုးမျိုးနှင့်စားသောက်ကုန် များ ဘေးကင်းစွာပို့ဆောင်ရေး ပဏာမလုပ်ဆောင်ချက်အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ ကြပြီး ရေမြှုပ်မိုင်းများအပါအဝင် ဘေးရန်များမှကင်းဝေးစွာဖြင့် ခုတ်မောင်းသွားလာနိုင်မည့် ကုန် သွယ်ရေကြောင်းလမ်းကြောင်း“ကောက်နှံစင်္ကြံ”ကိုအကောင်အထည်‌ဖော်ခဲ့ကြောင်း၊“ကောက်နှံစင်္ကြံ” စတင်ပြီး ရက်ပေါင်းနှစ်ဆယ်အကြာတွင် လယ်ယာထွက်ကုန် စုစုပေါင်းတန်ချိန် ခြောက်သိန်းခုနစ် သောင်း တင်ဆောင်ထားသည့် သင်္ဘော ၂၇ စီးသည် ယူကရိန်းဆိပ်ကမ်းမှထွက်ခွာသွားပြီဟု ထုတ် ပြန်ချက်တွင်ဖော်ပြထားကြောင်း၊ယူကရိန်းပင်လယ်ဆိပ်ကမ်းများတွင် ကုန်တင်နေဆဲသင်္ဘော ၁၈ စီးရှိပြီး ကုန်တင်ရန်စာရင်း‌ပေးထားသည့်သင်္ဘော အစီး ၄၀ ရှိသည်ဟုလည်း အဆိုပါထုတ်ပြန်ချက် တွင်ဖော်ပြထားကြောင်း၊ အခြေခံဆောက်အအုံဝန်ကြီးဌာနက ယူကရိန်းသည် ကမ္ဘာလုံးဆိုင်ရာငတ် မွတ်ခေါင်းပါးမှုကိုတိုက်ဖျက်ရာတွင် ၎င်း၏တာဝန်များကို လိုက်နာကျေပွန်ကြောင်း၊ ပင်လယ်နက် တွင် လုံခြုံရေးအာမခံချက်များကိုဖြည့်ဆည်းပေးသည့်မဟာမိတ်များကို ကျေးဇူးတင်သည်ဟုပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- Myanmar Food Guide မှရရှိသည့်သတင်း)

အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီရောင်းလိုအား တိုးမြှင့်မည့်အလားအလာကြောင့် ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်း ကျဆင်းခဲ့

          အင်ဒိုနီးရှားနိုင်ငံ စားအုန်းဆီရောင်းလိုအား ကောင်းမည့်အလားအလာများကြောင့် ဩဂုတ် ၄ ရက် အစောပိုင်းကုန်သွယ်မှုတွင် မလေးရှား စားအုန်းဆီဈေးနှုန်းမှာ ၃% ကျော် ကျဆင်းသွားခဲ့ သည်ကိုတွေ့ရှိရကြောင်း၊ လာမည့် အောက်တိုဘာလတွင်  ကြိုပွိုင့်စားအုန်းဆီအရောင်းအဝယ် စာချုပ် စတင်ချိန်၌ Bursa Malaysia ကုန်စည်ဒိုင်တွင် ၇၆ ရင်းဂစ်(သို့) ၁.၉၇% ကျဆင်းသွားပြီး တစ်တန်လျှင်၃၇၈၈ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၈၅၀.၄၇)သို့ကျဆင်းသွားကြောင်း၊နေ့လယ်ပိုင်း၌ ကြိုရောင်းကြိုဝယ်စာချုပ်ဈေးနှုန်းမှာ တစ်တန်လျှင် ၃၈၀၇ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၈၅၅.၁၂) ဖြစ်ခဲ့ကြောင်း၊ ယူကရိန်းဆိပ်ကမ်းများမှ ပို့ကုန်တင်ပို့မှုများ ပြန်လည်စတင်နေပြီဖြစ်ရာ ကမ္ဘာ့နေကြာဆီ ထုတ်လုပ်မှု၏ ၆၀% ခန့်ထုတ်လုပ်ပြီး ထုတ်လုပ်မှု၏ ၇၆ % ကို တင်ပို့သည့် ပင်လယ်နက်ဒေသ ဘက်မှနေကြာဆီများ ကမ္ဘာ့ဈေးကွက်ထဲရောက်ရှိလာလိမ့်မည့်မျှော်လင့်ချက်များ ရှိလာကြောင်း၊ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီအ‌ပေါ် ပို့ကုန်ခွန်လျှော့ချပေးခြင်းနှင့် စားအုန်းဆီတင်ပို့မှု မြင့်မား ခြင်းတို့ကြောင့် အင်ဒိုနီးရှား စားအုန်းဆီနှင့် မလေးရှားစားအုန်းဆီတို့အကြား ပြိုင်ဆိုင်မှုများဖြစ်ပေါ် နေစေပြီး စားအုန်းဆီဈေးကျလာသဖြင့် စားသုံးသူများအတွက် ကုန်ကျစရိတ် ပိုမိုသက်သာလာစေ ကြောင်း၊၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှားတွင် စိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းလုပ်ငန်းများ၌ ပြတ်တောက်မှုများကြောင့် စားအုန်းဆီထုတ်လုပ်မှုခန့်မှန်းခြေ တန်ချိန် ၄၆.၇ သန်းအထိ ကျဆင်း ခဲ့ကာ ယခင်နှစ်ကထက် ၃ % ကျဆင်းခဲ့ကြောင်း၊ မလေးရှားတွင်လည်း မျှော်လင့်ထားသည်ထက် အလုပ်သမားမလုံလောက်သည့်ပြဿနာများကြောင့် စားအုန်းဆီ ထုတ်လုပ်မှု ၂၀၂၁-၂၀၂၂ ရာသီ တွင် တန်ချိန် ၁၈ သန်းအထိ လျော့နည်းခဲ့ရာ ယခင်နှစ်အလားတူကာလထက် ၁.၆ % ကျဆင်းခဲ့ သည်ဟုသိရှိရသော်လည်း  မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန်သိုလှောင်မှုမှာ ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လကုန်တွင် လစဉ် ၉.၈ % တိုးလာဖွယ်ရှိပြီး အဓိကအားဖြင့် ထုတ်လုပ်မှုတိုးလာခြင်းကြောင့် တန်ချိန် ၁.၈၂ သန်းအထိတိုးလာဖွယ်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ တွင် ကမ္ဘာ့စားအုန်းဆီတင်သွင်းမှုမှာ တန်ချိန် ၄၄.၉ သန်းအထိ ကျဆင်းနိုင်မည်ဟုခန့်မှန်းထားပြီး  ယခုနှစ် ဇူလိုင်လအတွင်း တင်သွင်းမှု မှ တန်ချိန် ၄၅ သန်းမှ ၁ % အောက် ကျဆင်းခဲ့ကာ ယခင်နှစ်ထက် ၅.၇ % ကျဆင်းခဲ့ကြောင်း၊ စားအုန်းဆီဈေးမှာ  ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်တွင် ဈေးကွက်ဝေစုလွှမ်းမိုးမှုရှိသော ကြောင့် ဩဂုတ်လအတွင်း  Dalian စတော့အိတ်ချိန်းတွင် ပဲပုပ်ဆီဈေး ၃.၃% နှင့် စားအုန်းဆီဈေး ၄.၁ % ကျဆင်းခဲ့ပြီး Chicago Mercantile Exchange တွင် ပဲပုပ်ဆီဈေး ၁.၂ % ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- Myanmar Food Guide မှရရှိသည့်သတင်း)

ရေချိုငါးမြစ်ချင်းများသားဖောက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ရန်ဆောင်ရွက်မည်

          မင်းပြား‌‌-ပေါက်တောကားလမ်းဘေး ခေျာင်းရှည်ရွာ ငါးသားဖောက်စခန်းတွင် ဩဂုတ်လမှ စတင်ကာ ငါးမြစ်ချင်းသားဖောက်လုပ်ငန်းများကို မွေးမြူရေးဧက ၁၀၀၀ အထိဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ရခိုင်ပြည်နယ် ငါးလုပ်ငန်းဉီးစီးဌာန အနေဖြင့် ရေချိုငါး၊ ပုစွန် မေွးမြူမှုနည်းသောနေရာ၌ ဝယ်လိုအားရှိနေသောငါးမြစ်ချင်းကို အနီးဆုံး ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာတင်ပို့နိုင်ရန် ရှေ့ပြေး Pilot Project အနေဖြင့် ငါးမွေးမြူ ရေးဇုန်ကို စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရေချိုမွေးမြူရေးဧက ၁၀၀၀ နှင့်ရေငန်မွေးမြူရေး ဧက ၁၅၀၀ ရှိသည့်အနက် ရေချိုမွေးမြူရေးကို ကနဉီးအကောင်အထည်ဖော်ခြင်းဖြစ်ပြီး  ဒေသခံ မွေးမြူရေးလုပ်သားများအနေဖြင့် ယင်းကိုစိတ်ဝင်စားပါက  တာဝန်ယူ‌ဆောင်ရွက်နေသော ကုမ္ပဏီ မှ နည်းပညာနှင့်အရင်းအနှီးစိုက်ထုတ်၍ ပူးပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊‌ မွေးမြူ‌ရေး ကန် ဧက ၁၀၀၀ မှထွက်ရှိသောငါးမြစ်ချင်းကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ပြီး  ရေချို ငါး ဈေးကွက်ကြီးတစ်ခု ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ရေချို / ရေငန်အမှန်တကယ် မွေးမြူမှု အဆင်ပြေစေရန်အတွက်  ပြည်နယ်အစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ငါးမြစ်ချင်းကို ပြည်ပပို့ကုန်အတွက်  ၂ နှစ်မွေးမြူလေ့ရှိပြီး ပထမတစ်နှစ်တွင် သားပေါက်မှ ငါးဖျန်းအရွယ် ၊ ဒုတိယနှစ်တွင် ငါးဖျန်းမှရောင်းတန်းဝင် ၂ ကီလို ကျော်အရွယ် မွေးမြူကြကြောင်း သိရှိရပါသည်။

(ရင်းမြစ်- Myanmar Food Guide မှရရှိသည့်သတင်း)