
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မဈေး၌ ကြက်သွန်ဖြူ(ရှမ်း/ဗမာ)မျိုးကို အောက်လံမြို့ရှိ ပွဲရုံများနှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ကြက်သွန်ဖြူရှမ်းဥ(၁)ပိဿာလျှင် ကျပ်(၁၁၅၀၀)၊ ကြက်သွန်ဖြူဗမာအကြီးအသေး(၁)ပိဿာလျှင် ကျပ်(၇၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (တတိယ ပတ်)တွင် ကြက်သွန်ဖြူရှမ်းဥ(၁)ပိဿာလျှင် ကျပ်(၁၀၅၀၀)၊ ကြက်သွန်ဖြူဗမာ(အကြီး၊ အသေး) (၁)ပိဿာလျှင် ကျပ်(၇၀၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၅၀၀-၁၀၀၀)ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ကြက်သွန်ဖြူ ထွက်ပေါ်ချိန်ရာသီမဟုတ်သည့်အပြင် မိုးရာသီဖြစ်၍ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သယ်ယူစရိတ်မြင့်မား၍ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)