
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ မကြီးကန်ကျေးရွာ၊ ဆားတိုင်ကန်၊ နွားကူး၊ စမ်းကန်ကျေးရွာများသည် စိုက်ပျိုးရေးအဓိကထားလုပ်ကိုင်ပြီး ပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မကြီးကန်ရွာနေ ပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ မိုးမြေပဲများ စိုက်ပျိုးရာတွင် စွန်တာနီ(လုံးဆံနီ)နှင့် ဗီယက်နမ်ရေဆင်း(လုံးဆံဖြူ)မျိုးများကိုသာ အဓိကထားစိုက်ပျိုးကြကြောင်း၊ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ ၂၀၂၅ခုနှစ်၊ မေလဆန်းတွင် စတင်စိုက်ပျိုး ပြီး ဇူလိုင်လ(တတိယပတ်)တွင် တူးဖော်ရိတ်သိမ်းကြောင်း၊ (၁)ဧကလျှင် မျိုးပဲဆံ(၂)တင်းခန့် ကုန် ကျကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်က မိမိယာခင်းမှထွက်ရှိသော မြေပဲများကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် စက်မောင်းခ၊ လုပ်အားခ၊ ဆေးဖြန်းခ၊ ရိတ်သိမ်း ခူးဆွတ်ခနှင့် အခြားစရိတ်များအပါအဝင် စုစုပေါင်း ကျပ်(၁၁)သိန်းကျော်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် မြေပဲတောင့် တင်း(၁၀၀)အထိ ထွက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)တွင် မြေပဲတောင့်တစ်တင်းလျှင် ကျပ်(၂၂၀၀၀)ဖြင့် ရောင်းချ၍ အကျိုးအမြတ်အနေ ဖြင့် (၁)ဧကလျှင် ကျပ်(၁၁)သိန်းခန့်ရရှိကြောင်း စျေးကွက်အနေဖြင့် ယာခင်းထဲသို့ ပွဲစားကိုယ်တိုင် တိုက်ရိုက်လာရောက်ဝယ်ယူကြောင်း သိရှိရသည်။
DOCA(မကွေး)