ပခုက္ကူမြို့မဈေး၌ ဖြစ်ပေါ်နေသောရာသီပေါ်မျှစ်ဈေးနှုန်းအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်()ဈေးတို့ တွင် အိမ်ရှင်မများအတွက် ဟင်းချက် စရာတစ်မျိုးဖြစ်သည့် မျှစ်စိမ်းများ  စတင်အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ရာသီပေါ်မျှစ်များကို ပခုက္ကူမြို့၏ အနောက်ဘက် ပေါက်နယ်ဒေသ၊ မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်နှင့် မြိုင်နယ်ဒေသမှ ထွက်ရှိသောမျှစ်များ ဝင်ရောက် လျက်ရှိကြောင်း သိရသည်။

          အိမ်ရှင်မများသည် မျှစ်ကို အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ မျှစ်စိမ်းများကို ဟင်းချို ချက်၍လည်းကောင်း၊ ကြော်၍ လည်းကောင်း၊ ထောင်း၍ လည်းကောင်း ပြုလုပ်၍ စားသုံး ကြပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် မျှစ်ဈေးနှုန်းအနေဖြင့် မျှစ်စိမ်း တစ်ပိဿာလျှင် ကျပ် (၈၀၀၀) မျှစ်ငံ တစ်ပိဿာ လျှင် ကျပ်(၆၀၀၀) မျှစ်ပေါက် တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မကွေး)