ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဖြစ်ပေါ်နေသော  စက်သုံးဆီဈေးနှုန်း အခြေအနေ

Powered by Drupal

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်တွင် စက်သုံးဆီဆိုင် (၁၀) ဆိုင်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်  (၃၀၃၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၀၈၅) ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၂၇၀၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၃၄၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

DOCA(ဧရာဝတီ)