မကွေးမြို့၌ဖြစ်ပေါ်နေသောကွမ်းရွက်နှင့်ကွမ်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် ကွမ်းရွက်ဈေးများကို ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ၊ မုံရွာမြို့ရှိကွမ်းခြံများမှ တိုက်ရိုက်တယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မြို့မှ မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံး၊ နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့် ပခုက္ကူမြို့မှ ဝယ်ယူရောင်းချကြောင်း သိရသည်။

      ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလှိုင်လ(တတိယပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာ လျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့် နေရာဒေသသအလိုက် ကျပ်(၆၀၀၀-၇၀၀၀ -၈၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၃၂၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ ကွမ်းစားထုံး (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကွမ်းစားနှပ်ဆေး(၁)ထုပ်လျှင် ကျပ်(၁၅၀၀)၊ ဗမာဆေး (၁) ထုပ်လျှင် ကျပ်(၁၀၀၀)ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       ယခင်ဇွန်လ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၁၂၀၀၀) ဈေးနှုန်းကျဆင်းခဲ့ပြီး ကွမ်းသီးခြမ်းနှင့်ကွမ်းသီးစိပ်မှာ ကျပ်(၂၀၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခု အချိန်တွင် ကွမ်းခြံများရှိကွမ်းရွက်များ၌ လှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်၍ ကွမ်းရွက်ဈေးနှုန်းမှာ ကျဆင်း ရခြင်းဖြစ်ပြီး ကွမ်းသီးမှာ ပြည်ပမှမှာယူမှုများသည့်အပြင် မိုးတွင်းကာလဖြစ်၍ လမ်းခရီးအခက်အခဲ ရှိသောကြောင့် သယ်ယူစရိတ်မြင့်မား၍ ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)