ကလေးခရိုင်ရှိနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အသိပညာပေးဟောပြောခြင်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ( ၂၀ )ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဆရာ/ဆရာမ ( ၈ )ဉီး၊ ကျောင်းသား/ကျောင်းသူ ( ၇၀ )ဦး၊ စုစုပေါင်း (၇၈ )ဦးကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

      အသိပညာပေးဟောပြောရာတွင် ဦးစွာပထမ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးအောင်ထူးက အဖွင့်အမှာစကားနှင့်နုတ်ခွန်းဆက်ပြောကြားပြီး ကလေးခရိုင်ဦးစီးမှူး  ဒေါ်သန်းသန်းဝင်းက အစားအသောက်များကိုဝယ်ယူအသုံးပြုရာတွင် သတိပြုဝယ်ယူရမည့်အချက်များကိုလည်းကောင်း၊ ဒေါ်သိမ့်သိမ့်ထွန်း(ကြီး/ရေး)က ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတွာလ်ဆွင်းဗန်က မိမိတို့ဌာနနှင့်ပတ်သက်၍ စာပေများလေ့လာပြီး စာဖတ်ကြရန်၊ အသိပညာပေးဆွေးနွေးပြောကြားပြီး အဆိုပါဌာနရှိ ဝန်ထမ်းများမှ  ကျောင်းသား/ကျောင်းသူများကို စာအုပ်မျာလေ့လာဖတ်ကြားနိုင်ရန် ခင်းကျင်းပြသပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)