
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ရှိ ဈေးများတွင် မင်းဂွတ်သီးများ အရောင်းအဝယ်စည်ကားလျက်ရှိပြီး၊ ဒေသခံများနှင့် အနီးနားမြို့များမှ ကုန်သည်များက ဝယ်ယူ ရောင်းချမှုများ ပြုလုပ်နေကြသည်။ မင်းဂွတ်သီးများကို အခြားဒေသများမှ ကုန်တင်ကား၊ သုံးဘီးယာဉ်နှင့် ဆိုင်ကယ်များဖြင့် တင်ပို့လာရောက်ရောင်းချကြပြီး၊ ဈေးနှုန်းများအနေဖြင့် အရွယ်အစားနှင့် အရည်အသွေးကို လိုက်၍ တစ်လုံးလျှင် (၁၀၀/၂၀၀/၃၀၀/၅၀၀) ကျပ် အထိ ရှိကြောင်း သိရသည်။
ပုသိမ်မြို့ရှိ မြို့မဈေး ၊ ဘူတာဈေးနှင့်ကမ်းနားဈေးများတွင် မင်းဂွတ်သီးများကို ရောင်းချ လေ့ရှိပြီး၊ ဒေသခံများအနေဖြင့် စားသုံးရန်တင်မဟုတ် ဆေးဖက်ဝင်အသီးအဖြစ်လည်း ဝယ်ယူသုံးစွဲ ကြသည်။ ဒေသခံများမှလည်း "မင်းဂွတ်သီးက ချဉ်ပြုံးပြီး အရသာရှိတာကြောင့် ဝယ်လိုအား မြင့်တယ်၊ အထူးသဖြင့် မိုးရာသီမှာ ပိုရောင်းကောင်း" ဟု ပြောကြားခဲ့သည်။ ထို့အပြင်၊ ပုသိမ်မြို့မှ ကုန်သည်အချို့သည် မင်းဂွတ်သီးများကို ပဲခူး၊ ရန်ကုန်နှင့် မွန်ပြည်နယ်တို့မှတစ်ဆင့် တင်ပို့ရောင်းချကြပြီး၊ ဒေသအလိုက် ဈေးကွက်တန်ဖိုး ကွာခြားမှုများရှိကြောင်း သိရသည်။
DOCA (ဧရာဝတီ)