ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေအများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ငှက်ပျောသီးရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။
ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လအတွင်း အဖီးရေ ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ဒေသတွင်းလည်း ဖီးကြမ်းငှက်ပျောသီး ရောင်းဝယ်ယူမှုများလျက်ရှိသည်၊၊ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၅၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ ဇူလိုင်လတွင် ငှက်ပျောသီးအဖီး ၁၀၀လျှင် ငွေကျပ် ၁၇၀၀၀၀ထိ ဈေးကောင်းပေး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပြီး မြို့နယ်တွင်း ရောင်းချနေသောငှက်ပျောသီး ၁ဖီးလျှင် ၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ငှက်ပျောသီးရောင်းချသူထံမှ သိရသည်။
DOCA(ဧရာဝတီ)