၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အားလူးသီးအလုံးကြီး(၁) ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး(၁)ပိဿာလျှင် (၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဂျင်း(ချင်း)တက် တစ်ပိဿာ လျှင်(၅၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)