
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ ဒါးကဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ မေမြို့ပန်း၊ သပြေပန်း၊ အောင်သပြေပန်း၊ ခရေပန်း၊ စံပါယ်ပန်း၊ အာဆီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် ကန်ကြီးထောင့်မြို့၊ ဒါးကဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓာမာ အပွင့်ကြီး (၁) စည်းလျှင် (၃၀၀၀) ကျပ်၊ ဂန္ဓာပန်း အပွင့်သေး (၁) စည်းလျှင် (၁၀၀၀) ကျပ်၊ ဈေးနှုန်းဖြင့်လည်းကောင်း၊ နှင်းဆီပန်း အပွင့်ကြီး (၁) ပွင့်လျှင် (၇၀၀) ကျပ်၊ နှင်းဆီပန်းအပွင့်သေး (၁) ပွင့်လျှင် (၅၀၀) ကျပ်၊ မေမြို့ပန်း (၅) ပွင့်ပါ (၁) စည်းလျှင် (၂၀၀၀) ကျပ်၊ အောင်သပြေ (၁) စီးလျှင် (၁၅၀၀) ကျပ်၊ ခရေပန်း (၂) ကုံးလျှင် (၅၀၀) ကျပ် စသည်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)