စိမ်းလဲမြေဆန်စက်ဆိုလာ စီမံကိန်း ညောင်တုန်း၌ စတင်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်စိမ်းလဲ့မြေ ဆန်စက်တွင်ကျင်းပသော ဆိုလာစီမံကိန်းဖွင့်ပွဲနှင့် ဆိုလာနည်းပညာမိတ်ဆက်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ၊မြန်မာနိုင်ငံစိုက်ပျိုထုတ်လုပ်သူများအသင်းဥက္ကဌ တို့ ၂၆-၇-၂၀၂၅ ရက်နေ့ နေံနက် ၁၀နာရီတွင် ဖွင့် ပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။ 

          စိမ်းလဲမြေဆန်စက်ဆိုလာ စီမံကိန်း ကို ညောင်တုန်းမြို့၌ စတင်လိုက်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထံမှ သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဦးဆောင်မှုဖြင့် ဆန်စက်နှင့် သိုလှောင်ရုံများတွင် ဆိုလာပါဝါဖြင့် ပေါင်ဆန်လည်ပတ်နိုင်ရေး ဆောင်ရွက်နေတဲ့ စီမံကိန်းတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ စိမ်းလဲမြေဆန်စက်မှာ ကနဦးဆိုလာ တပ်ဆင်အင်အား ၄၈၇ ကီလိုဝပ် p ကို တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။ ပို့ကုန်လုပ်ငန်းများဆောင်ရွက်နေသော ကုမ္ပဏီကြီးတွေရဲ့ ဆန်စက်တွေမှာ ဆိုလာ energy ကို ပေါင်းဆန်သုံးစွဲပြီး sustainable rice processing using manageable energy ဖြစ်စေဖို့အတွက် အသင်းချုပ်ဟာ ဆိုလာနှင့် ဆပ်စပ်ပစ္စည်းများ တင်သွင်းဖြန့်ချီတပ်ဆင်တဲ့ ကုမ္ပဏီ ၁၇ခုနဲ့ MOU လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ ဆိုလာ energy တပ်ဆင်ထားသော ဆန်စက် ၂၈စက် ၊ စုစုပေါင်းဆပ်တင်အင်အား ၄၂.၉ mw ယခုနှစ် မတ်လက စတင်ပြီး ကနဦးစူးစမ်းလေ့လာရေး တည်ဆောက်တပ်ဆင်ရေး ဆောင်ရွက်နေကြောင်း သိရပါသည်။ ကျန်သော ဆန်စက်များကိုလည်း တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး မကြာမှီ စတင်လျှပ်စစ်ထုတ်နိုင်တော့မည်ဖြစ်ကြောင်း ဆိုလာစီမံကိန်း ဖွင့်ပွဲနှင့် ဆိုလာနည်းပညာမိတ်ဆက်ပွဲမှ သိရပါသည်။

DOCA(ဧရာဝတီ)