
၂၀၂၅ ခုနှစ်၊ မိုးရာသီဇူလိုင်လအတွင်း ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ဈေးတွင် ကုန်စိမ်းသီးနှံများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ကုန်စိမ်းသီးနှံဈေးနှုန်းအနေဖြင့် ခရမ်းသီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ် ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀) ကျပ်၊လွှတ် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ငရုတ်ပွ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ပဲတောင့်ရှည်သီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ သခွါးသီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ငရုတ်စိမ်း တောင့်ရှည် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင်(၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၂၀၀)ကျပ် နှုန်းတို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယခုရေပေါ်ဈေးအတွင်း ရောင်းချနေသော ကုန်စိမ်းသီးနှံများမှာ ဒေသထွက်သီးနှံများရှိသကဲ့တို့ အခြားမြို့များမှ ဝင်ရောက်လာသော သီးနှံများ လည်းရှိကြောင်း ကုန်စိမ်းသီးနှံများအရောင်းဆိုင်မှ သိရသည်။
DOCA(ကရင်)