
မအူပင်မြို့နယ်တွင် ငါးခြောက် ငါးပိ ရောင်းချသော လက်ကားဒိုင် (၁၀)ဆိုင်ခန့် ရှိသည်။ ပင်လယ်ဒေသနှင့် နီးသော မအူပင်မြို့နယ်တွင် ပင်လယ်ငါးခြောက် အမျိုးမျိုးရောင်းချနေကြောင်း တွေ့ရှိရသည်။ ကုန်များကို ဖျာပုံဒေသမှာ မှာယူရောင်းချကြောင်း သိရသည်။
ငါးနီတူခြောက် ရောင်းချနေသော ဈေးနှုန်းအနေဖြင့် အမျိုးအစား ၅မျိုးရှိကြောင်းသိရပြီး ခေါင်းခြွေအသန့် ငါးနီတူခြောက်အချို အသန့် ၁ပိဿာ ၄၀၀၀၀ကျပ်ဖြင့်လည်းကောင်း ငါးနီတူအကောင်အလတ်စား ၁ပိဿာ ၃၅၀၀၀ကျပ် ဖြင့်လည်းကောင်း၊ ငါးနီတူအကောင်ကြီးအငံစား သုံးမျိုးမှာ ၁ပီသာလျှင် ၂၅၀၀၅-၂၇၀၀၀-၃၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အချိန် ၁၀၀ပါ ငါးနီတူခြောက် အိတ်တစ်အိတ်လျှင် ၁လခွဲ အတွင်း အမျိုးအစား ၅မျိုး ၅အိတ်ကို ပုံမှန် ရောင်းအားကောင်းလျက်ရှိကြောင်း လက်ကား/ လက်လီ ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)