
ကျွန်းလှမြို့တွင် ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက် နှင့် မုန့်လင်မယားကို ပြုလုပ် ရောင်းချလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် အဖြူ ဈေးနှုန်းမှာ(၁)ခုလျှင်(၂၀၀)ကျပ်၊ အနီ(၁)ခုလျှင်(၃၀၀)ကျပ်နှင့် ကြက် ဥမုန့်ပြား သလက်ဈေးနှုန်းမှာ (၁)ခုလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ မုန့်လင်မယား မုန့်(၁)ခု လျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၁)ခု တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)