
မြန်မာနိုင်ငံတွင် ဒူးရင်းသီးကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုး၍ ဧပြီလကုန်ခါနီးမှ ဇူလိုင်လ အလယ်လောက်တွင် အသီးထွက်ရှိပါသည်၊၊ ဒူးရင်းသီးအမျိုးအစားများစွာရှိ၍ တချို့ဒူးရင်းသီးမှာ အစေ့ကြီးသော်လည်း တချို့မှာ အစေ့သည် လွန်စွာသေးငယ်၍ အစေ့သည်ပါရုံသာရှိသည်။ အစေ့မှာ အချို့အသီးတွင် ငါးမြှောင့်၊ အချို့အသီးတွင် လေးမြှောင့်၊ အချို့တွင်သုံးမြှောင့် စသည်ဖြင့်လည်း ကွဲပြားတတ်သေးသည်၊၊ ပုသိမ်မြို့တွင် မြိတ်မွန်ထောင်းဒူးရင်းသီး၊ ကိုက်ဆက်သီး၊ ရေးသီးအမျိုးအစားများကို အလုံးလိုက်ဖြစ်စေ၊ ခွဲဘူးများဖြင့် ရောင်းချလျက်ရှိရာ မြိတ်မွန်ထောင်းသီး အသီးအရွယ်အစားပေါ်မူတည်၍ ကျပ် ၃၀၀၀၀မှ ၈၅၀၀၀၀ ဈေး၊ ကိုင်းဆက်သီး အသီးအရွယ်အစားပေါ်မူတည်၍ ကျပ် ၁၅၀၀၀မှ ကျပ်၂၅၀၀၀ ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့ သီးနှံအရောင်းအဝယ်ဒိုင်မှ သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)