
တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သည့်တိုင်းဒေသကြီးဖြစ်သည့်အတွက် ဒေသမှထွက်ရှိသော ငါးခြောက်များသည် အရေးပါ သော အစားအစာတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။ ထို့အပြင် အခြားဒေသများသို့ တင်ပို့ရောင်း ချနေသဖြင့် ထားဝယ်မြို့ပေါ်ရှိငါးခြောက် စျေးကွက်အခြေအနေမှာ ရောင်းအားကောင်းမွန်လျက်ရှိပြီး ဈေးနှုန်းများသည်လည်း အနည်းငယ် မြင့်တက်လျက်ရှိပါသည်။
ယခု ထားဝယ်ဈေးကွက်တွင် ငါးခြောက်အမျိုးအစား များစွာရှိသော်လည်း ဒေသတွင်း စားသုံးမှုများပြားသည့် ငါးရောင်ခြောက် (ခေါ်) ဒလုံးခြောက် တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ငါးလက်ဝါးခြောက် (ခေါ်) စာဗျန့်ခြောက် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် ငါးအူမျှင်းခြောက် တစ်ပိဿာလျှင် (၇၀၀၀၀)ကျပ် အသီးသီးဈေးနှုန်းများရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)