ကန့်ဘလူမြို့မဈေး၌ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်နေသည့် ခရမ်းချဉ်သီး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  ကန့်ဘလူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၀၀)ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးသည် ဟင်းလျာအမျိုးမျိုးနှင့် တွဲဖက်အသုံးပြုကြသည့်အတွက် အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြသည့်အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)