သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံနှင့် နှမ်းသီးနှံများ အနက်ပဲတီစိမ်းနှင့်နှမ်းသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဩဂုတ်လ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၅၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုစတုတ္ထပတ်တွင် (၅၀၀၀ဝိ/-)ဖြင့်ဈေးမြင့်တက်လာကြောင်း သို့ရာတွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ နှမ်းသီးနှံများမှာလည်း တတိယပတ်တွင် နှမ်းနက် တစ်တင်းလျှင်(၈၀၀၀ဝိ/-)၊ နှမ်းနီ တစ်တင်းလျှင်(၇၅၀၀ဝိ/-)ဖြစ်ပြီး စတုတ္ထပတ်တွင် နှမ်းနက်တစ်တင်းလျှင်(၈၅၀၀ဝိ/-)၊ နှမ်းနီတစ်တင်းလျှင်(၈၀၀၀ဝိ/-)ဖြစ်၍(၅၀၀ဝိ/-)စီ ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။
အောင်လံမြို့ရှိ ကုန်သည်များမှ ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် နှမ်းအိတ်ရေ (၉၀-၁၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)