ပွင့်ဖြူမြို့နယ် မိုးစပါးစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ ပွင့်ဖြူမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ် သက်၍ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၌ မိုးစပါးစိုက်ပျိုးနေမှုအခြေအနေကို တောင်သူ ဒေါ်ခင်စန်းလွင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

         ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် နှစ်စဉ် ဆန်စပါးအများ ဆုံးစိုက်ပျိုးထွက်ရှိသော မြို့နယ်တစ်ခုဖြစ်ပြီး မိုးစပါးကို ဇွန်လနောက်ဆုံးအပတ်မှ စတင်၍ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပွင့်ဖြူမြို့နယ်သည် မဲဇလီရေလွှဲဆည်၏ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ၍ မိုးစပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပြီး ပွင့်ဖြူမြို့နယ်ကုန်းဇောင်းဒေသထွက် ဧရာပဒေသာဆန်မှာ လူကြိုက်များ၊ ဈေးကောင်းရ လျက်ရှိသော စပါးမျိုးလည်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ မိုးစပါးစတင် စိုက်ပျိုးရန်အတွက် ယခုနှစ်တွင် စက်ကြီးမောင်းနှင်ခမှာ (၁)ဧကလျှင် (၄၀၀၀ဝိ/-)၊ ထွန်တရှဉ်းလျှင် (၁၄၀၀ဝိ/-) ဖြင့် (၃)ရှဉ်း(၂)စပ်အတွက် (၈၄၀၀ဝိ/-)နှင့် အောက်ခံကန်သင်းပတ်ရန်အတွက် (၁၅၀၀ဝိ/-) ကုန်ကျပါကြောင်း၊ မျိုးစေ့ဘိုး(၁)တင်းလျှင် (၁၅၀၀ဝိ/-)ဖြင့် မျိုးစေ့(၁)တင်းခွဲအား တိုက်ရိုက် စိုက်ပျိုးခြင်းအတွက် (၁)ဧကလျှင် (၂၅၀၀ဝိ/-) ကုန်ကျပါကြောင်း၊ အပင်ပေါက်(၁)လသား အရွယ်တွင် ပေါင်းအုပ်ဆေးနှင့် အပင်အားဆေးဘိုး(၁၅၀၀ဝိ/-) ကုန်ကျကြောင်း၊ (၁)လခွဲသား အရွယ်တွင် ပိုးသတ်ဆေးနှင့် အပင်အားဆေး(၂)မျိုးပေါင်း (၃၀၀၀ဝိ/-) ကုန်ကျကြောင်း၊ ထို့အပြင်မျိုးစေ့အား တိုက်ရိုက်ချရာတွင် ကျဲနေသောနေရာများအား အပင်များဖာရသဖြင့် ပျိုးပင် (၁၀၀)လျှင် (၁၅၀၀ဝိ/-)ဖြင့် ပျိုးပင်ပေါက်(၂၀၀)ဝယ်ယူ၍ ပြန်လည်ဖာထေးစိုက်ပျိုးရပါကြောင်း၊ ယခုလက်ရှိ (၂)လသားအရွယ်ထိ စုစုပေါင်းကုန်ကျစရိတ်မှာ(၂၆၁၅၀ဝိ/-) ရှိပြီဖြစ်ကြောင်း တောင်သူဒေါ်ခင်စန်းလွင်ထံမှ သိရှိရပါသည်။ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး လျာထားဧက(၆၉၀၉၄)ဧကတွင် ယခုလက်ရှိအချိန်ထိ စိုက်ပျိုးပြီးစီးမှု စုစုပေါင်းမှာ(၆၃၆၅၆)ဧက စိုက်ပျိုးပြီးဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)