လွိုင်ကော်ဈေးကွက်တွင်ဖြစ်ပေါ်နေသော  အသား၊ငါးဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊သီရိမင်္ဂ လာဈေး၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာ ရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ အခြေခံစားကုန်ဈေးနှုန်းများ ကွင်းဆင်းကောက်ယူခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အသား၊ ငါးဈေးနှုန်း များမှာ ကြက်(CP)အသားတိုး (၁)ပိဿာလျှင် (၁၈၀၀၀/-)ကျပ်၊ ကြက်(CP)ဥနှုန်းကျ (၁)ပိဿာ လျှင် (၂၄၀၀၀/-)ကျပ်၊ ကြက်(ဗမာ) (၁)ပိဿာလျှင် (၃၂၀၀၀/-)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊   အမဲသား(၁)ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် (၂၂၀၀၀/-) ကျပ်၊ ငါးကြင်း (၁)ပိဿာလျှင် (၂၂၀၀၀/-)ကျပ်၊ ငါးခူ (၁)ပိဿာလျှင် (၂၀၀၀၀/-)ကျပ်၊ အာပြဲခြောက် (၁)ပိဿာလျှင် (၃၀၀၀၀/-)ကျပ်၊ ငါးတံခွန် (၁)ပိဿာလျှင် (၂၀၀၀၀/-)ကျပ် တို့ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း အသားနှင့်ငါးများရောင်းချလျက်ရှိသော ဈေးသည်များထံမှ သိရှိရပါသည်။

    ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် ငါးတံခွန်(၁)ပိဿာလျှင် (၂၀၀၀/-) ကျပ် ဈေးနှုန်းမြင့်တက်သွားပြီး မြင့်တက်သွားရခြင်းမှာ ရန်ကုန်မြို့ငါးဒိုင်၌ ဝယ်ယူသည့်ဈေးနှုန်း မြင့်တက်ခဲ့မှုကြောင့်ဖြစ်ပါကြောင်း၊ ငါးမြစ်ချင်း (၁)ပိဿာလျှင်(၂၀၀၀/-)ကျပ်နှင့် အာပြဲခြောက် (၁)ပိဿာလျှင် (၄၀၀၀/-)ကျပ် ဈေးနှုန်းကျဆင်းသွားပြီး ကျဆင်းလာရခြင်းမှာ ရန်ကုန်မြို့နှင့် တောင်ကြီးမြို့တို့မှ ဝယ်ယူလျက်ရှိပြီး ဝယ်ယူရသည့်‌ဈေးနှုန်းနှင့် သယ်ယူစရိတ် အနည်းငယ် ကျဆင်းရခြင်းကြောင့် ဖြစ်ပါကြောင်းနှင့် ကျန်အသား၊ ငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ကယား)