
၂၀၂၅ ခုနှစ်၊ ဇူလိုင်မိုးကာလအတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတဝိုက်ကျေးရွာရှိ ဒေသထွက် ဝါးဘိုးမျှစ်များ လှိုင်လှိုင်ထွက်ကာ ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဒေသအတွင်းရှိ တောတောင်များတွင် ဝါးမျှစ်နှင့်ဝါးဘိုးမျှစ်များကို နေရာအနှံ့တွေ့ရှိရပါသည်။ ကရင်လူမျိုးတို့၏ရိုးရာ အစာအစားဖြစ်သည့် မျှစ်တာလာပေါ့ကို ဝါးဘိုးမျှစ်နှင့် တာချက်ပြုတ်စားသောက်ပါက အလွန်အရသာရှိ၍ ထမင်းမြိန်စေပါသည်။ ဝါးဘိုးမျှစ်ဈေးနှုန်းများမှာ ယခင်လတွင် ဝါးဘိုးမျှစ်လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဝါးဘိုးမျှစ် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်နှင့် ယခုလတွင် ဝါးဘိုးမျှစ်လက်ကားဈေးနှုန်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝါးဘိုးမျှစ်လာရောက်ရောင်းချသည့် တောဈေးသည်ထံမှ သိရသည်။
DOCA(ကရင်)