အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

           အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၈.၈.၂၀၂၂)နှင့် ယခု အပတ် (၂၄.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၂၀၀၀ဝိ/-)ယခုအပတ်(၂၂၅၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ နှမ်းနီ ယခင်အပတ် (၂၂၅၀၀ဝိ/-)ယခုအပတ် (၂၃၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၅၀၀၀ဝိ/-)ယခုအပတ် (၂၅၅၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)အသီးသီးဈေးမြင့်ခဲ့ပြီး၊ နှမ်းပြာမှာ ယခုအပတ်(၂၂၈၀၀ဝိ/-)ဖြစ် ကြောင်း သိရှိရပါသည်။

          ပဲမျိုးစုံစျေးကွက်တွင် ပဲတီစိမ်း (၂၀)ပိဿာတစ်တင်းလျှင် ယခင်အပတ်(၄၉၀၀ဝိ/-) ယခုအပတ် (၅၀၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲမှာ ယခင်အပတ်(၅၈၀၀ဝိ/-) ယခုအပတ် (၅၉၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်(၇၂၀၀ဝိ/-) ယခုအပတ်(၇၅၀၀ဝိ/-) ဖြစ်၍(၃၀၀ဝိ/-) အသီးသီး ဈေးမြင့်တက်ခဲ့ကာ ဘိုကိတ်ပြာ ယခင်အပတ် (၄၂၀၀ဝိ/-)ယခုအပတ် (၄၁၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးလျော့နည်းကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ် (၆၁၂၀ဝိ/-) ယခုအပတ် (၆၁၀၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့နည်းကြောင်း၊ ကုလားပဲ(HL) ယခင်အပတ်(၆၅၅၀ဝိ/-) ယခုအပတ် (၆၂၅၀ဝိ/-) ဖြစ်၍ (၃၀၀ဝိ/-) ဈေးလျော့နည်းကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်((၆၄၅၀ဝိ/-) ယခုအပတ် (၆၂၅၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးလျော့နည်းကြောင်း၊ မြေပဲလုံးဆံ(ဖြူ)နှင့် မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်(၆၁၀ဝိ/-)ယခုအပတ် (၅၅၀ဝိ/-) ဖြစ်၍ (၆၀ဝိ/-) ဈေးလျော့နည်းကြောင်း၊ မြေပဲတောင့်(စို) တစ်တင်း ယခင်အပတ်(၂၂၀၀ဝိ/-) ယခုအပတ် (၂၁၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) အသီးသီးဈေးနှုန်းများလျော့ပြီး  အရောင်းအဝယ် ပမာဏအနေဖြင့် နှမ်းဖြူ (၂၇၀)အိတ်၊ နှမ်းနီ(၂၈၀)အိတ်၊ နှမ်းပြာ(၃၆၀)အိတ်၊ နှမ်းနက်(စမုံ)(၅၃၀၀) အိတ်၊ ပဲတီစိမ်း(၁၈၅၀)အိတ်၊ ပဲစဉ်းငုံနီ(၉၅၀)အိတ်၊ မတ်ပဲ(၃၀၀)အိတ်၊ ကုလားပဲ(HL) (၁၂၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၁၀၀၀)အိတ်၊ ဘိုကိတ်ပြာ (၃၄၀)အိတ်၊ ပဲကြီး(၇၀၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ)(၂၀၀၀)အိတ်၊ မြေပဲလုံး ဆံ(နီ) (၂၅၀)အိတ်၊ မြေပဲတောင့်(အစို)(၄၅၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)