
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်များထဲမှာ နံနံပင်ဖြစ်ပြီး အစေ့များကို ဟင်းခတ်မဆာလာတွင် အသုံးပြုကြပါသည်။ မြန်မာဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။ ဆောင်းရာသီတွင် အထွက် များပြီး ကျန်ရာသီများတွင် အထွက်နည်းသောကြောင့် ဈေးကြီးပေးကာ ဝယ်ယူကြရပါသည်။
ယခု၂၀၂၅ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်များတွင် မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီး နှင့်စမ်းချောင်းကုန်စိမ်းဈေးများတွင် နံနံပင်တစ်စီးလျှင် (၉၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင်(၅၀၀၀) ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)