စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးနေမှုများ

Powered by Drupal

           Diamond Dragon Co;Ltd ၏ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးနှင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်များမှ ဈေးကားဖြင့်လှည့်လည်၍ ပြင်ပပေါက်ဈေးထက် သက်သာ‌သောဈေးနှုန်းဖြင့် စားသုံးဆီများကို ရောင်းချပေးခဲ့လျှက်ရှိပါသည်။

     (၂၄-၈-၂၀၂၂) ရက်နေ့တွင် ဒေါ်နီလာထွေးက ပြည်သူ့လွှတ်တော်ရုံး၌ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ပိဿာချိန် (၁၁၄၄)ပိဿာကိုလည်းကောင်း၊ ရဲဗိုလ်ရှုသဘင်ဝင်း၌ ပိဿာချိန် (၂၆၄)ပိဿာကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ဆီပိဿာချိန် (၃၂၈) ပိဿာကိုလည်းကောင်း တစ်ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၇၃၆) ပိဿာရောင်းချ ပေးခဲ့ပါတယ်။

          ဆက်လက်၍ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီလုပ်ငန်းရှင်ဒေါ်ခင်နွယ်အေးက ပျဉ်းမနားမြို့နယ်၊ ရပ်ကွက် (၁၅)တွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးအေးချမ်းသူမှ ပျဉ်းမနားမြို့နယ်၊ ရပ်ကွက် (၁၆)နှင့် (၁၇) တို့တွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း ရောင်းချပေးခဲ့ပါတယ်။

          စားသုံးဆီများအနေဖြင့် ယခင်ကာလများတွင် (၃၉၀၀)ကျပ်ဖြင့် ရောင်းချပေးနိုင်ခဲ့သော်လည်း ယခုအခါအဖက်ဖက်မှ ဈေးနှုန်းများပြောင်းလဲခြင်းကြောင့် အထူးဈေးနှုန်းတွင် (၅၂၀၀)ကျပ်သို့ ပြောင်းလဲရောင်းချရခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)