မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လစတုတ္တပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၄၉၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၂၂၀၀၊ မတ်ပဲ တစ်တင်းကျပ် ၆၂၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၆၀၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၁၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၅၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၆၆၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       ဂျုံဖြူသန့်တစ်တင်း ကျပ် ၅၂၀၀၀-၅၃၀၀၀၊ ဂျုံနီတစ်တင်း ကျပ် ၅၀၀၀၀၊  ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၅၀၀၀-၇၆၀၀၀၊ ပဲနီ လုံးရိုးရိုး တစ်တင်း ကျပ် ၅၀၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၅၁၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၇၇၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၈၅၀၀-၅၀၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၆၅၀၀၀-၇၅၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၇၀၀၀-၇၀၀၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၄၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၄၂၀၀၀-၄၅၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၆၀၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၆၅၀၀၊ ပြောင်းဖြူ တစ်တင်းကျပ် ၁၇၀၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းကျပ် ၆၉၀၀၀-၇၁၀၀၀၊ နှမ်းနက် တစ်တင်းကျပ် ၈၀၀၀၀-၈၃၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၇၄၀၀၀-၇၆၅၀၀၊ နှမ်းနီ တစ်တင်း ကျပ် ၆၉၀၀၀-၇၁၀၀၀၊ နေကြာစေ့ တစ်တင်း ကျပ် ၃၂၈၅၀-၃၃၇၅၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၆၃၀၀-၆၄၀၀၊ မြေပဲလုံး ဆံဖြူ တစ် ပိဿာကျပ် ၆၃၀၀-၆၄၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၂၅၀၀-၂၆၀၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၁၇၀၀-၁၈၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၂၅၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် မတ်ပဲဈေးနှုန်းနှင့်  ဆီထွက်သီးနှံ ဈေးနှုန်းများ အနည်းငယ် ဈေးကျနေပြီး၊ ကျန်သီးနှံဈေးနှုန်းများ အနည်းငယ်တက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)