
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ရွှေပဲသီး၊ မုန်ညင်းထုပ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥနှင့် မုန်ညင်းဖြူထုပ်ကိုတို့ကို ရောင်းချလျက်ရှိရာ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ မှာယူ ရောင်းချကြောင်း သိရှိရသည်။
ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ရောင်းချ လျက်ရှိသည့် မုန်ညင်းဖြူထုပ်ဈေးနှုန်းမှာ မုန်ညင်းဖြူထုပ်လက်လီ တစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ မုန်ညင်းဖြူထုပ် လက်က္ကား တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာသီပေါ် ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)