
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေ သော တီလားဗီးယားငါးအကြီး(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ အသေး(၁)ပိဿာ (၁၀၀၀၀)ကျပ်၊ ငါးဘတ်အကောင်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငါးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်အတွက် အာဟာရ ဓာတ်များကို ရရှိစေသည့်အတွက် စားသုံးမှုများကြောင်း ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)