
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် နာနတ်သီးနှင့်ဖရဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာ ပါဝင်သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။ ဖရဲသီးမှာ အခွံစိမ်းပြီး အတွင်းသားက အနီရောင်ရှိသလို အဝါရောင်လည်းရှိပါတယ်။ အရည်ရွှမ်းပြီး စားရတာချိုပြီး အစိမ်းစားလို့ရတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါသည်။ ဖရဲသီးကို နွားနို့၊သကြားတို့နှင့်ရော၍ ဖျော်ရည်အဖြစ်သောက်သုံးကြပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် သံလမ်းဈေ၌ ဖြစ်ပေါ်နေသော နာနတ်သီး ဈေးနှုန်း အနေဖြင့် နာနတ်သီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဖရဲသီးအသေးတစ်လုံးလျှင်(၂၅၀၀၊၃၀၀၀)ကျပ်မှ ဖရဲသီးအကြီး တစ်လုံး လျှင် (၃၅၀၀၊၄၀၀၀)ကျပ် အသီးသီးရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)