
ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံမှာ ဇူလိုင်လနောက်ဆုံးပတ်တွင်ဒေသတွင်း လက်လီအဝယ်သများနှင့်သာ ရောင်းဝယ်လျက်ရှိပြီး ပန်းတောင်း(ဥသျှစ်ပင်)နှင့်ပေါင်းတည် ၊နတ္တလင်း ဘက်မှ အိတ်ဆွဲဝယ်ရောင်းသမားများမှ အဝယ်နည်းနေသဖြင့် အရောင်းအဝယ်မှာ ပုံမှန် ထက် နည်းနေ ပါသည်။ ဝင်ရောက်မှုမှာ ရေနံချောင်း၊ ဆိပ်ဖြူ၊ ကျောက်ပန်းတောင်း၊ အောင်လံတို့ ဘက်မှ ပုံမှန် အဝင်ရှိနေပြီး ဇူလိုင်လနောက်ဆုံးပတ်အတွင်း ပိဿာချိန် (၂၂၀၀၀)ခန့် အဝင်ရှိနေ သည့်အတွက် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီလက်ကျန် များပြားလျက်ရှိနေကြောင်းသိရသည်။ ပြည်ဈေး ကွက်တွင် ရောင်းဝယ်လျက်ရှိခဲ့သောကြက်သွန်နီသီးနှံ၏ ယခုနှစ် ဆောင်းကြက်သွန်နီ အသစ် ပေါ်ချိန်မှစ၍ လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို အောက်ပါအတိုင်းတွေ့ရှိရပါသည်။
ရေတွက်ပုံ ၁ပိဿာ/ကျပ်
စဉ် အမျိုးအစား ၂၀၂၅ ၂၀၂၅ ၂၀၂၅ ၂၀၂၅ ၂၀၂၅ မတ် ဧပြီ မေ ဇွန် ဇူလိုင်
၁။ ကြက်သွန်နီ(ကြီး)
လက်ကား ၂၆၀၀ ၂၂၀၀ ၁၇၀၀ ၁၆၀၀ ၁၆၀၀
ကြက်သွန်နီ(ကြီး)
လက်လီ ၃၀၀၀ ၂၅၀၀ ၂၁၀၀ ၂၁၀၀ ၂၁၀၀
၂။ ကြက်သွန်နီ(လတ်)
လက်ကား ၂၄၀၀ ၂၀၀၀ ၁၆၀၀ ၁၅၀၀ ၁၅၀၀
ကြက်သွန်နီ(လတ်)
လက်လီ ၂၇၀၀ ၂၃၀၀ ၂၀၀၀ ၂၀၀၀ ၁၉၀၀
၃။ ကြက်သွန်နီ(သေး)
လက်ကား ၂၂၀၀ ၁၈၀၀ ၁၄၀၀ ၁၃၀၀ ၁၂၀၀
ကြက်သွန်နီ(သေး)
လက်လီ ၂၃၀၀ ၂၀၀၀ ၁၈၀၀ ၁၇၀၀ ၁၆၀၀
၄။ ကြက်သွန်နီ(သေးဆုံး)
လက်ကား ၁၉၀၀ ၁၅၀၀ ၁၂၀၀ ၁၁၀၀ ၁၀၀၀
ကြက်သွန်နီ(သေးဆုံး)
လက်လီ ၂၀၀၀ ၁၇၀၀ ၁၃၀၀ ၁၂၀၀ ၁၁၀၀
DOCA(ပဲခူး)