“ သုံးခွမြို့နယ်အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအားအသိပညာပေး ဆွေးနွေးခြင်း ”

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ဇူလိုင်လ(၂၄)ရက်နေ့၊ နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံးတွင် ခေါ်ယူ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် သုံးခွမြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များဖြစ်သည့် အမှတ်(၂)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ ဒေါ်ခင်ဝါဆိုဦး (Warso Collection)၊ အမှတ်(၁)ရပ်ကွက် မာလာလမ်းရှိ ဒေါ်ဥမ္မာအေး (လင်းလက်သဘာဝထုတ် ကုန်ရောင်းဝယ်ရေး)၊ အမှတ်(၉)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ မစုသဲဖြူ (အဲလစ်တီရှပ်)တို့အား မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များဖြစ်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း၊ စားသုံးသူရေးကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသည့် ကုန်စည်များအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)