ပုလောပီနံစိုက်ပျိုးမှုနှင့် စျေးနှုန်းစျေးကွက်

Powered by Drupal

       ပုလောပီနံဥများသည် စိုက်ပျိုးရလွယ်ကူပြီး အမြဲဝင်ငွေရရှိနိုင်သော ဒေသထွက်သီးနှံတစ်မျိုး ဖြစ်သည်။  ဂရုတစိုက်ပြုစုပျိုးထောင်ရန်မလိုအပ်ဘဲ စိုက်ပျိုးနိုင်သည့်အတွက် ကုန်ကျစရိတ်နည်း ပါးစွာဖြင့် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ယခင်က ပုလောပီနံဥများကို မိရိုးဖလာနည်းဖြင့် စိုက်ပျိုးခဲ့ကြပြီး စိုက်ဘောင်နည်းဖြင့် စနစ်တကျစိုက်ပျိုးထားခြင်းဖြင့် အထွက်နှုန်းများတိုးများလာကြောင်း သိရှိရပါသည်။ ပုလောပီနံဥများကို အပင်ကြီးထွားပြီး ၈လ မှစ၍ တူးဖော်နိုင်ပြီး ၁၄လ၊ ၁၅လ ခန့်ကြာမှ တူးဖော်ပါက ပုလောပီနံဥများရင့်ပြီး စျေးကွက်ဝင်မည်မဟုတ်ကြောင်းသိရှိရပါသည်။ စျေးကွက်တွင် ပုလောပီနံဥကို အချိုမုန့်၊ ပုလောပီနံဥပေါင်း၊ မုန့်များပြုလုပ်၍ ရောင်းချလျက်ရှိကြပါသည်။

   ၂၀၂၅ခုနှစ်၊ ဇူလိုင်လစျေးနှုန်းအရ ပုလောပီနံဥစျေးနှုန်းမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်ခန့် ရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)