စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၁)ဦးသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ၂၈ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့နှစ်(၇၀၀) အားကစားကွင်း တွင် ကျင်းပပြုလုပ်သော စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် များအား ထောက်ပံ့ခြင်းအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြပါသည်။ 

     အဆိုပါအခမ်းအနားတွင် တပ်မတော်စစ်ဆေးရေးစာရင်းချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီးသတ်ပုံ က ၂၈.၃.၂၀၂၅ နေ့လယ် (၁၂း၅၀) အချိန်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ မန္တလေးကိုအခြေပြု၍ လှုပ်ခတ်ခဲ့သောကြောင့် မန္တလေးငလျင်ဟု အမည်ပေးထားပြီး စစ်ကိုင်းမှာလည်း မန္တလေးနှင့်နည်းတူ ငလျင်၏ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရပါကြောင်း၊ ငလျင်၏ရိုက်ခတ်မှုကြောင့် ဘာသာရေး အဆောက် အဦများနှင့် လူနေအိမ်များပါ ထိခိုက်ပျက်စီးရုံသာမက ပြည်သူတို့၏ အသက်များသည်လည်း ထိခိုက်ပျက်စီးခဲ့ရပြီး ငလျင်လှုပ်ခတ်ခဲ့သည့်နေ့မှစ၍ နိုင်ငံတော်စီမံကိန်းအစီအစဉ်ဖြင့်  မိမိမှဦးစီးပြီး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါကယ်ဆယ်ရေးစခန်းများတွင် ဌာနဆိုင်ရာများ၏ ထောက်ပံ့ပစ္စည်း၊ ထောက်ပံ့ငွေကြေးများအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပရဟိတအဖွဲ့များကလည်း ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ရေ၊ ဆေးများလှူဒါန်းခဲ့ကြပြီး မိမိ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ပျက်စီးသွားသော ဘာသာရေး အဆောက်အဦများ၊ နေအိမ်များအား ကွင်းဆင်းစစ်ဆေးပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူများ ပြည်လည်ထူထောင်ရေး လုပ်နိုင်ရန်အတွက် နိုင်ငံတော်စီမံကိန်းအစီအစဉ်ဖြင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် မြန်မာ့တပ်မတော်နှင့် ကြက်ခြနီအဖွဲ့များမှ ဆေးဝါးကုသမှုများ အခမဲ့ ကုသပေးလျက်ရှိပြီး မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များသည်လည်း ခြေ၊ လက်အင်္ဂါ ထိခိုက် သော ပြည်သူများအတွက် ခွဲစိပ်မှုများအထိပါ လုပ်ဆောင်ခဲ့ပါကြောင်း၊ စစ်ကိုင်းမြို့သည် ဘာသာ၊ သာသနာထွန်းကားရာ မြို့ဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပဧည့်သည်များ လည်ပတ်မှုများရှိသည် ဖြစ်ရာ စစ်ကိုင်းရွှေမြို့တော်ကြီး ပြန်လည်ဖွံ့ဖြိုးစည်ကားလာစေရန် မိဘပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်ပြီး လူမှုဝန်ကြီးနှင့် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့မှလည်း တက်ရောက် လာသော ပြည်သူများအား လိုအပ်သည်များ မှာကြားပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)