ကျွန်းလှမြို့၌ ရောင်းချနေသော နှင်းဆီပန်း၊ ဇီဇဝါပန်း နှင့် ဇွန်ပန်း ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့ရှိ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဘုရားပန်း အမျိုးမျိုး ဈေးနှုန်းများမှာ  ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေတို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော နှင်းဆီပန်း ဈေးနှုန်းမှာ နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ အပွင့်(အလတ်)တစ်ပွင့် လျှင်(၅၀၀)ကျပ် အပွင့် (အသေး)တစ်ပွင့်လျှင်(၄၀၀)ကျပ်၊ ဇီဇဝါပန်း(၁၀)ပွင့်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ်နှင့် ဇွန်ပန်း တစ်ကုံးလျှင် (၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ရှင်မွေးလွန်းပန်း တစ်ကုံးလျှင်(၃၀၀)ကျပ်၊(၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)