ကျွန်းလှမြို့တွင် ရောင်းချနေသော မြေပဲလုံးဆံ၊ မြေပဲပတ် နှင့် မြေပဲဆီ ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ရောင်းချနေ‌သော မြေပဲလုံးဆံ ဈေးနှုန်း မှာ  မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူး လျှင်(၆၀၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း ၊မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ မြေပဲဆီ()ပိဿာ တစ်ပုံး လျှင်(၂၀၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ မြေပဲပတ် ဈေးနှုန်းအနေဖြင့် မြေပဲပတ် တစ်ပိဿာ လျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် မန္တလေးမြို့သို့ ပို့ဆောင် ရောင်းချလျက်ရှိကြောင်း ဆီစက်လုပ်ငန်းရှင် များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)